×
×

ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေး ပုသိမ်-ဟင်္ာာတ လမ်းပိုင်းအားကြည့်ရှုစစ်ဆေး၊ မြန်အောင်၊ ကြံခင်းဒေသရှိ ဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် ဒေသခံများနှင့်တွေ့ဆုံ၊ ပြည်သူဗဟိုပြုစီမံခန့်ခွဲမှု အောင်မြင်ရေးဆွေးနွေး

နေပြည်တော်၊ စက်တင်ဘာလ (၃ဝ)ရက်

          ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးသည် စက်တင်ဘာ(၂၇)ရက်နေ့၊ နံနက်ပိုင်းတွင် ပုသိမ်-ဟင်္းာတ-ကြံခင်းလမ်းပိုင်းရှိ ရေကြည်ဘူတာသို့ရောက်ရှိလာပြီး ၎မှ RBE ရထားဖြင့် ဟင်္ဪာတ-မြန်အောင်-ကြံခင်းဘူတာထိ ရထားလမ်းပိုင်းအား လိုက်လံကြည့်ရှုစစ်ဆေးသည်။

          ပြည်ထောင်စုဝန်ကြီးသည် ဟင်္မာတဘူတာတွင် ဘူတာရှိဝန်ထမ်းများနှင့်တွေ့ဆုံပြီး ခေတ်နှင့်လျော်ညီစွာ ပြည်သူလူထုကျေနပ်စေမည့် ဝန်ဆောင်မှုပေးနိုင်စေရေး ကြိုးပမ်းဆောင်ရွက်သွားကြရန်မှာကြားပါသည်။ ဆက်လက်၍ ထန်းပင်ကုန်းဘူတာ၊ ကညင်ငူဘူတာ၊ အင်ပင်ဘူတာ၊ ဥသျစ်ကုန်းဘူတာ၊ တဲကြီးကုန်းဘူတာ၊ ဆန်နီချောင်ဘူတာ၊ မြန်အောင်ဘူတာနှင့်ကြံခင်းဘူတာတို့တွင် တစ်ဘူတာချင်းရှိ ဒေသခံပြည်သူလူထုများနှင့် လိုက်လံတွေ့ဆုံပြီး လိုအပ်ချက်များကို မေးမြန်းဆွေးနွေးခဲ့သည်။

          ပြည်ထောင်စုဝန်ကြီးသည် စက်တင်ဘာလ (၂၈)နံနက်ပိုင်းတွင် မြန်အောင်မြို့နယ်၊ ရှားတောအုပ်စု၊ ရှားတော-တာခွ ဘုန်းတော်ကြီးပညာသင်ကျောင်းနှင့် မြန်အောင်မြို့နယ်၊ (၆)ရပ်ကွက် သင့်္ဇာကျောင်းဟောင်းဘုန်းတော်ကြီး ပညာသင်ကျောင်းတို့တွင် ဆွမ်းဆန်၊ ဆီနှင့် ကျောင်းသုံးစာရေး ကိရိယာများလှူဒါန်းခဲ့သည်။ ထို့နောက် မြန်အောင်မြို့ ၊အောင်ဇေယျခန်းမတွင် မြို့နယ်နှင့် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ အထောက်အကူပြုကော်မတီများ၊ အရပ်ဘက်လူမှုရေးအဖွဲ့များ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံ၍ နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲရေး မူဝါဒများအား ရှင်းလင်းဆွေးနွေးခဲ့သည်။ ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မြန်အောင်မြို့မှ တောင်ရိုး တိုက်နယ်လက်ပံကွင်းကျေးရွားသို့ သွားရောက်ခဲ့ပြီး အ.ထ.က(ခွဲ)လက်ပံကွင်းတွင် ဒေသခံများနှင့် တွေ့ဆုံခဲ့ပြီး ပြည်သူလူထု၏ လိုအပ်ချက်များကို မေးမြန်းခဲ့ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့သည်။

          ပြည်ထောင်စုဝန်ကြီးသည် ပုသိမ်-ဟင်္်ာတ-ကြံခင်းလမ်းပိုင်းတစ်လှေျာက်ရှိ ရထားလမ်းပိုင်း ကြ့ံခိုင်မှုများအား အသေးစိတ်စစ်ဆေးကြည့်ရှုခဲ့ပြီး ချမှတ်ပေးသည့်ရန်ပုံငွေဖြင့် ဘတ်ဂျက်ကာလ ပြီးဆုံးချိန်တွင် လုပ်ငန်းများတန်တန်ရာရာ ပြီးမြောက်စေရေး၊ လက်မှတ်မဲ့စီးနင်းမှုများပပျောက်အောင် ကြပ်မတ်ဆောင်ရွက်ရေး၊ သတ်မှတ်လက်မှတ်ခသာ တောင်းခံကြရန်နှင့် ပြန်အမ်းငွေများကို တိကျစွာ ပြန်အမ်းပေးရေးတို့ကို ဝန်ထမ်းများက လိုက်နာဆောင်ရွက်ကြရန် အသေးစိတ်မှာကြားခဲ့ပြီး ပြည်သူလူထုကလည်း မသမာမှုများရှိပါက တိကျစွာ မှတ်သားသတင်းပေးရန်နှင့် ပြည်သူဗဟိုပြုစီမံခန့်ခွဲမှု အားကောင်းလာစေရေးအတွက် ပူးပေါင်းဆောင်ရွက်ကြပါရန် ဆွေးနွေးပန်ကြားခဲ့ပါသည်။

ရထားပို့ဆောင်ရေးဝန်ကြီးဌာန

 

 

Restricted access