×
×

တင်းတိမ်ရံရွာ မှ မုံရွာသို့ ထွက်လာသော၂၁၈ အစုန်ကားရထားနှင့် ပါဂျဲရိုးကားတိုက်မိခြင်းကိုမြန်မာ့မီးရထားမှ ယာဥ်မဆင်မခြင်မောင်းနှင် လာသောကားမှ ယာဥ်မောင်းအားအမှုဖွင့်အရေးယူထား

စက်တင်ဘာ(၂၆)ရက်နေ့နံနက်(၁ဝ)နာရီခန့်က  မုံရွာမြို့အနီးတရားမဝင် ရထားကားလမ်းကူးတွင်ရထားလာနေသည်ကိုဂရုမပြုပဲ ဖြတ်သန်းမောင်းနှင်ခဲ့သော  ပါဂျဲရိုးအမျိုအစားကားအမှတ် (၇ခ/၅၃၆၃)နှင့် တင်းတိမ်ရံ မှ မုံရွာသို့မောင်းနှင်လာသော ၂၁၈ အစုန်ခရီးတို ရထားတို့တိုက်မိခဲ့သည်။

အဆိုပါဖြစ်စဥ်နှင့်ပါတ်သတ်၍ရုံပိုင်(တာဝန်ခံ)မုံရွာမှမြန်မာ့မီးရထားရုံးချုပ်သို့ သတင်းဦးကြေးနန်းရိုက်ခြင်းတိုက်မိသောကားအား ရထားလမ်းပေါ်မှ အမြန်ဆုံးဖယ်ရှားရှင်းလင်းခြင်းများပြုလုပ်ခဲ့ရာ ရထားမှာ ထိုတိုက်မိသောနေရာ၌  (၂)နာရီ (၅)မီးနစ်ခန့်ကြန့်ကြာခဲ့ပြီး ဆက်လက်ထွက်ခွာနိုင်ခဲ့ပါသည်။

ယာဥ်ကို မဆင်မခြင်မောင်းနှင်ခဲ့သော  တိ/ကုပြင်ပ ဆရာဝန် ဦးမင်းမင်းကျော် (၃၇)နှစ်အား  မုံရွာမြို့မရဲစခန်း၌   အမှုစစ်ရဲအုပ်ကျော်ဝင်းလှိုင် မှအမှုအမှတ်(ပ)၅၂၈/၂ဝ၁၃  ရထားဥပဒေ(၁၂၉)ဖြင့်  အမှုဖွင့်ဆောင်ရွက်ထားကြောင်း သတင်းရရှိပါသည်။

Restricted access