×
×

news page

မြန်မာ့မီးရထားသည်ပြုပြင်ပြီးဖြစ်သော ရေနွေးငွေ့စက်ခေါင်းဖြင့် လူစီးအထက်တန်းတွဲ/ဘရိတ်တွဲတို့ဖြင့် ဖွဲ့ဆင်လျက် ပုဂံ-ကျောက်ပန်းတောင်း-ပုဂံခရီးစဥ်တွင် ကမ္ဘာလှည့်ခရီးသည်များအတွက် အထူးရထားခရီးစဥ်ကို စင်းလုံးငှားစနစ်ဖြင့် ဆောင်ရွက်ရန် စိတ်ဝင်စားသူ ပြည်တွင်းပုဂ္ဂလိကလုပ်ငန်းရှင်များ၊ ကုမ္ပဏီအဖွဲ့အစည်းများနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးသည် စက်တင်ဘာ(၂၇)ရက်နေ့၊ နံနက်ပိုင်းတွင် ပုသိမ်-ဟင်္းာတ-ကြံခင်းလမ်းပိုင်းရှိ ရေကြည်ဘူတာသို့ရောက်ရှိလာပြီး ၎မှ RBE ရထားဖြင့် ဟင်္ဪာတ-မြန်အောင်-ကြံခင်းဘူတာထိ ရထားလမ်းပိုင်းအား လိုက်လံကြည့်ရှုစစ်ဆေးသည်။
စက်တင်ဘာ(၂၆)ရက်နေ့နံနက်(၁ဝ)နာရီခန့်က မုံရွာမြို့အနီးတရားမဝင် ရထားကားလမ်းကူးတွင်ရထားလာနေသည်ကိုဂရုမပြုပဲ ဖြတ်သန်းမောင်းနှင်ခဲ့သော ပါဂျဲရိုးအမျိုအစားကားအမှတ် (၇ခ/၅၃၆၃)နှင့် တင်းတိမ်ရံ မှ မုံရွာသို့မောင်းနှင်လာသော ၂၁၈ အစုန်ခရီးတို ရထားတို့တိုက်မိခဲ့သည်။

Pages

Restricted access