×
×

၂ဝ၁၃ ခုနှစ် ဇန်နဝါရီ လမှ စတင်၍ မြန်မာ့ မီးရထား သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းများအား အဆင့်မြှင့် တင်မည်

ရန်ကုန် ဇန်နဝါရီ ၂ ၂ဝ၁၃ခုနှစ် ဇန်နဝါရီလမှ စတင်၍ မြန်မာ့ မီးရထား သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းများအား ဂျပန်နိုင်ငံ JICA( Japan International Coporation Agency) အဖွဲ့မှ ပညာရှင် များနှင့်ပူး ပေါင်းကာ အဆင့်မြှင့်တင် သွားမည်ဖြစ်ကြောင်း ရထား ပို့ဆောင်ရေး ဝန်ကြီး ဌာနမှ သိရသည်။ အဆင့် မြှင့်တင်မှု လုပ်ငန်းများ ပြုလုပ်ရန်အတွက် ဒီဇင်ဘာ ၁၆ရက်တွင် မြန်မာ့ မီးရထား လုပ်ငန်းသို့ ဂျပန်နိုင်ငံ JICA အဖွဲ့မှ ပညာရှင်များ လာရောက် တွေ့ဆုံဆွေးနွေး ခဲ့ကြသည်။ အဆိုပါ လုပ်ငန်းများ စတင်ဆောင်ရွက်ရန် အတွက် ဂျပန်နိုင်ငံ JICA အဖွဲ့နှင့် စာချုပ် ချုပ်ဆို ခဲ့ကြောင်း၊ မြန်မာ့ မီးရထား လုပ်ငန်းဆိုင်ရာ လုပ်ငန်းများကို နိုင်ငံတကာ ကဲ့သို့ အဆင့်မြှင့် တင်နိုင်ရန် အတွက် ဖြစ်ပြီး ပထမ အဆင့် အနေဖြင့် ဂျပန် နိုင်ငံမှ ပညာရှင် များက ၂ဝ၁၂ ခုနှစ် အောက်တိုဘာ လအတွင်း မြန်မာ့မီးရထား လုပ်ငန်းများ၌ ကွင်းဆင်း လေ့လာခြင်းများ ဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်း၊ ဇန်နဝါ ရီလတွင် စတင် အဆင့်မြှင့်တင် နိုင်ရန်အတွက် စီမံကိန်းများ စတင်ရေး ဆွဲကာ အသေးစိတ် အကောင်အထည် ဖော်ဆောင်ရွက် သွားမည် ဖြစ်ကြောင်း မြန်မာ့ မီးရထားမှ သိရသည်။

Restricted access