×
×

ပြည်သူတို့၏ အသက်ကို ကယ်တင်ခဲ့သည့် မီးရထား ဝန်ထမ်းအား ဆုချီး မြှင့်ပွဲနှင့် မြန်မာ့ မီးရထား ပြတိုက် နှစ်ပတ်လည်နေ့ အခမ်းအနား ကျင်းပ

ယနေ့ နံနက် ၉ နာရီတွင် ရထား ပို့ဆောင်ရေး ဝန်ကြီးဌာန မြန်မာ့ မီးရထား ရုံးချုပ် နေပြည်တော် ဘူတာ ကြီး၌ မြန်မာ့ မီးရထား ပြတိုက် (၁)နှစ်ပြည့် နှစ်ပတ် လည်နေ့ အခမ်း အနားကို ကျင်းပ ရာ မြန်မာ့ မီးရထား ဦးဆောင် ညွှန်ကြားရေးမှူး ဦးသိန်းဆွေက အမှာစကား ပြောကြားသည်။ ဆက်လက်၍ မြန်မာ့ မီးရထား ဦးဆောင် ညွှန်ကြားရေး မှူးက မန္တလေး- မြစ်ကြီး နားလမ်းပိုင်း တံတားအမှတ် (၄၇၈)အား ကေအိုင်အေ အဖွဲ့က မိုင်းခွဲဖျက်ဆီး သဖြင့် တံတား သံလမ်းနှင့် သံပေါင်များ ပြတ်တောက် ပျက်စီး ခဲ့သည်ကို တွေ့မြင်ပြီး အမှတ် (၅၈)အစုန် အမြန် ရထားကို မီးနီ အချက်ပြဖြင့် ကြိုတင်အချက်ပြ တားဆီး နိုင်ခဲ့သော တံတားစောင့် ဦးချစ်မောင်(ခ) ဦးစိုင်း ခင်မောင်အား ဂုဏ်ပြုချီးမြှင့် ငွေနှင့် သင်တန်းများတွင် ထူးချွန်စွာ အောင်မြင်ခဲ့သော ဝန်ထမ်း များအား ဂုဏ်ပြု ဆုငွေများ ပေး အပ်ပြီး မြန်မာ့ မီးရထား ပြတိုက်အတွက် မတည်ငွေ များကို ပေးအပ် လှူဒါန်းသည်။ ယင်းနောက် မြန်မာ နိုင်ငံ၏ ပထမဆုံး ပြေးဆွဲခဲ့သော ရထား စက်ခေါင်း အမှတ် A-01 ဖြင့် စတင်ပြေးဆွဲ ခဲ့သည့် ရထားအား ပုံဖော်ရေးဆွဲ ခဲ့သည့် ပန်းချီ ဆရာကြီး ဦးသောင်းဟန်၏ ဆီဆေး ပန်းချီကား ချပ်ကို ဖွင့်လှစ် ပေးခဲ့ပြီး ပြတိုက် အတွင်း လှည့်လည်ကြည့်ရှု အားပေးခဲ့ ကြောင်း သိရသည်။

Restricted access